Tuesday, January 8, 2008

နိုင်ငံရေးဦးတည်ချက်(၄)ရပ်

-နိုင်ငံတော် တည်ငြိမ်ရေး၊ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေး
-အမျိုးသားပြန်လည်စည်းလုံး ညီညွှတ်ရေး
-ခိုင်မာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ဖြစ်ပေါ်လာရေး
-ဖြစ်ပေါ်လာသည့် ဖွဲ့စည်းပုံအခြခံဥပဒေသစ်နှင့်အညီ ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ် တစ်ရပ် တည်ဆောက်ရေး

စီးပွားရေးဦးတည်ချက်(၄)ရပ်

-စိုက်ပျိုးရေးကိုအခြေခံ၍အခြားစီးပွားရေးကဏ္ဍများကိုလည်းဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး
-ဈေးကွက်စီးပွားရေးစနစ်ပီပြင်စွာဖြစ်ပေါ်လာရေး
-ပြည်တွင်းပြည်ပမှအတက်ပညာနှင့်အရင်းအနှီးများဖိတ်ခေါ်၍စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေး
-နိုင်ငံတော်စီးပွားရေးတစ်ရပ်လုံးကိုဖန်တီးနိုင်မှုစွမ်းအားသည်နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူတို့၏ လက်ဝယ် တွင်ရှိရေး

လူမှုရေးဦးတည်ချက်(၄)ရပ်

- တစ်မျိုးသားလုံး၏ စိတ်ဓာတ်နှင့် အကျင့်စာရိတ္တ မြင့်မားရေး
- အမျိုးဂုဏ်ဇာတိဂုဏ်မြင့်မားရးနှင့် ယဉ်ကျေးမှု အမွေနှစ်များ အမျိုးသားရေးလက္ခဏာများမပျောက်ပျက် အောင်ထိန်းသိမ်းစောင့်ရှောက်ရေး
- မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြတ်ရေး
- တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင် ပညာရည်မြင့်မားရေး

ရည်မှန်းချက်နှင့်တာဝန်

ယဉ်ကျေးမှုဝန်ကြီးဌာနသည် ချမှတ်ထားသောမူဝါဒနှင့်အညီ အောက်ဖေါ်ပြပါယဉ်ကျေးမှုလုပ်ငန်းများ ဆိုင်ရာ ရည်မှန်းချက်(၉)ချက်ကိုအကောင်အထည်ဖေါ်ဆောင်ရွက်လျက်ရှိပါသည် -

(၁) မြန်မာ့ယဉ်ကျေးမှုအနုပညာများကို ထိန်းသိမ်းပြီး မြန်မာ့ယဉ်ကျေးမှု အစစ်အမှန် ထွန်းကားရေးကို ရှေ့ရှုရန်။
(၂) နိုင်ငံတော်နှင့် ပြည်သူတို့၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသော ယဉ်ကျေးမှု အနုပညာများဖြစ်ထွန်းစေရန်။
(၃) ဖြေဖျော်ရေးသက်သက်သာမဖြစ်စေဘဲ အသိပညာပေးရေးပါ အလေးပေးရန်နှင့်အနုပညာသည်အနုပညာအတွက်ရောပြည်သူအတွက်ပါ ဖြစ်စေရန်။
(၄) ပြည်သူတို့၏ အတွေးအခေါ်အယူအဆ၊ စိတ်နေသဘောထားများကို
တိုးတက်ပြောင်းလဲနေသောခေတ်နှင့်လျော်ညီအောင်လှုံဆော်ပေးရန်။
(၅) တိုင်းရင်းသားလူမျိုးများအားလုံး၏ ချစ်ကြည်ရေး၊ သွေးစည်းညီညွတ်ရေး၊ အေးအတူပူအမျှကောင်းတူဆိုးဖက်ပူးပေါင်းနေထိုင်ကြသော ၀ံသာနုစိတ်ဓါတ်များ၊ တိုင်းချစ် ပြည်ချစ်စိတ်ဓါတ်များ ထွန်းကားရေးအတွက် ကျိုးပြုစေရန်။
(၆) မြန်မာ့လူဘောင်နှင့် မကိုက်ညီသော သရုပ်ပျက်မှုများ ပပျောက်ရေးအတွက် အထောက် အကူဖြစ်စေရန်။
(၇) ပြည်သူတို့၏ စာရိတ္တနှင့် ကိုယ်ကျင့်တရားကောင်းမွန်ရေး၊ စိတ်ဓါတ်ကောင်းမွန်ရေးတို့ ဖြစ်ထွန်းလာစေရန်။
(၈) ယဉ်ကျေးမှုအနုပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် အဆင့်အတန်း ပိုမိုမြင့်မားလာစေရန်အတွက် ကြိုးပမ်းဆောင်ရွက်ရန်။
(၉) ပြည်ထောင်စုစိတ်ဓါတ်ကို အထောက်အကူဖြစ်စေရန်။

ယဉ်ကျေးမှုဆိုသည်မှာ

ယဉ်ကျေးမှုဆိုသည်မှာPoliteness, Civilization Culture ဖြစ်သည်။ “ ယဉ်ကျေးမှု၊ သိမ်မွေ့မှု၊ စာနာတတ်မှု ” ၊ Civilization သည် “ လူမှုတိုးတက်မှု၊ ခေတ်မီလူ့အဖွဲ့အစည်း ယဉ်ကျေးလာအောင် ပြုလုပ်ခြင်း၊ ယဉ်ကျေးလာခြင်း ”၊ Culture သည် “ ခေတ်ကာလ အလျောက်ထွန်းကားလာသော ယဉ်ကျေးမှု၊ အနုပညာကိုခံစားနာလည်းခြင်း၊ မြတ်နိုးတန်ဖိုးထားခြင်း၊ လေ့ကျင့်ပျိုးထောင်ရယူသည့် ဖွံ့ဖြိုးမှု၊ ထုံးတမ်းဓလေ့ များ၊ ပိုးမွေးမြူခြင်း ၊” The Culture of the bees/ silkworms ထို့ကြောင့် ယဉ်ကျေးမှု ဆိုသည်မှာ “ The way of life ” လူသားတစ်ဦး (သို့မဟုတ်) လူသားမျိုးနွယ်စုတို့၏ မွေးဖွားသည်မှ သေဆုံးသည့် စပ်ကြား ကြုံတွေ့ရင်ဆိုင်ရသော ထိတွေ့ဆက်စပ်သော အရာအားလုံးကို အဓိပ္ပါယ်ဖွင့်ဆိုထားခြင်းဖြစ်သည်။
လူ့စွမ်းရည် ဖွံ့ဖြိုးတိုးတက်မှု၊ လေ့ကျင့်ပျိုးထောင်မှုနှင့် အတွေ့အကြုံများအရ ရုပ်ပိုင်းစိတ်ပိုင်း ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများ၊ လူ့အဖွဲ့အစည်းအတွင်း ၀ိဇ္ဇာ သိပ္ပံပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အထောက်အထားများ၊ လူသားများအကြား ပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို လည်း ယဉ်ကျေးမှုဟု အဓိပ္ပါယ် ဖွင့်ဆိုကြပါသည်။
လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားလာခြင်းသည် ယဉ်ကျေးမှုအဆင့်အတန်း တိုးတက်မြင့်မား လာခြင်း၏ ပြယုဂ်ဖြစ်သည်။ ဘာသာအယူဝါဒများ၊ ဓလေ့ထုံးစံများ၏ အဆုံးအမနှင့် လမ်းညွှန်မှုများ အောက်တွင် ကိုယ်အမူအရာနှင့် စိတ်နေစိတ်ထားများ ယဉ်ကျေးသိမ်မွေ့ခြင်း၊ စာနာထောက်ထား ခြင်း၊ တိုးတက်ခေတ်မီသော၊ ယဉ်ကျေးသော လူ့အဖွဲ့အစည်းများ ထူထောင်ခြင်း၊ ယဉ်ကျေးလာ အောင် ပြုလုပ်ခြင်း၊ ခေတ်ကာလအလျောက် ထွန်းကားလာသော ယဉ်ကျေးမှုအနုပညာများကို ခံစားနားလည်ခြင်း၊ မြတ်နိုးတန်ဖိုးထားခြင်း၊ ထိုအစဉ်အလာကောင်းများကို ပိုးမွေးသကဲ့သို့ မွေးမြူ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ဖွံ့ဖြိုးတိုးတက်အောင် လေ့ကျင့်ပျိုးထောင်ခြင်းများသည်လည်း ယဉ်ကျေးမှု၏ အနှစ်သာရပင်ဖြစ်သည်။မြန်မာစာအဖွဲ့မှ ထုတ်ဝေသော မြန်မာအဘိဓာန်တွင် “ ယဉ်ကျေးမှုဟူသော စကားရပ်အား (၁) သိမ်မွေ့ပြေပြစ် သော တတ်သိမှု (၂) တိုးတက်ထွန်းကားသော လူမှုအဆင့်အတန်း (၃)အစဉ်အလာအားဖြင့် ထိန်းသိမ်းတည်ရှိ သော ဓလေ့ထုံးတမ်းဟှူရ်ျ ဖော်ပြထားပါသည်။
လူတို့၏ စားရေး၊ နေရေး၊ ၀တ်ရေးတို့ကို နိုင်ငံရေးဟုခေါ်သည်။ ယဉ်ကျေးမှုသည် လူတို့၏ စာရေး၊နေရေး၊ ၀တ်ရေးအားလုံးနှင့် အကျုံးဝင်သောကြောင့်တကြောင်း၊ ယဉ်ကျေးမှုပျောက်လျှင် လူမျိုးပါပျောက်မည့် အမျိုးသားရေးစရိုက်ဖြစ်သည်က တကြောင်းတို့ကြောင့် ယဉ်ကျေးမှုဆိုသည်မှာ အမျိုးသားနိုင်ငံရေးပင်ဖြစ်ပါ သည်။

ယဉ်ကျေးမှုဝန်ကြီးဌာနဖွဲ့စည်းပုံ

ယဉ်ကျေးမှုဝန်ကြီးဌာနကို ၁၉၅၂ ခုနှစ်၊ မတ်လ(၂၂)ရက်နေ့ တွင် ပြည်ထောင်စုယဉ်ကျေးမှုဝန်ကြီးဌာန အဖြစ် ဖွဲ့စည်းခဲ့ သည်။ ၁၉၇၂ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင် စနစ်သစ် အုပ်ချုပ်ရေးအရယဉ်ကျေးမှုဝန်ကြီးဌာန ဟု အမည်ပြောင်းလဲ ဖွဲ့စည်းခဲ့ပါသည်။ ယဉ်ကျေးမှု ၀န်ကြီးဌာန ကို အောက်ပါ အတိုင်း ဖွဲ့စည်း ထားပါသည် -
(က) ယဉ်ကျေးမှုဝန်ကြီးဌာန ၊ ၀န်ကြီးရုံး
(ခ) အနုပညာဦးစီးဌာန
(ဂ) ရှေးဟောင်းသုတေသန၊အမျိုးသားပြတိုက်နှင့်စာကြည့်တိုက်ဦးစီးဌာန
(ရှေးဟောင်း သုတေသနဦးစီးဌာနနှင့်ယဉ်ကျေးမှုဗိမာန်ဦးစီးဌာနတို့အား
(၉-၂-၂၀၀၇)ရက်နေ့တွင်ဦးစီးဌာနတစ်ခုတည်းအဖြစ် ပေါင်းစပ်ဖွဲ့စည်းခဲ့ပါသည်။)
(ဃ) သမိုင်းသုတေသနဦးစီးဌာန(၁၉-၁၂-၂၀၀၇) ရက်နေ့တွင်ပညာရေးဝန်ကြီးဌာနမှလွှဲပြောင်း ရောက်ရှိလာပါသည်။

ယဉ်ကျေးမှုအမွေအနှစ်ဇုန်နယ်မြေများ သတ်မှတ်ပြဌာန်းခြင်း

မြန်မာ့ ယဉ်ကျေးမှု အမွေအနစ်များ ဖော်ထုတ် ထိန်းသိမ်းရေး ဗဟိုကော်မတီအစည်းအဝေးလမ်းညွှန်ချက်အရ ယဉ်ကျေးမှုအမွေအနှစ်ဒေသ များ ကာကွယ်ထိန်းသိမ်းရေးဥပဒေကို(၁၁-၉-၁၉၉၈)ခုနှစ်တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ်(၉/၉၈)အဖြစ်ပြဌာန်းခဲ့သည်။ အဆိုပါဥပဒေ
အရ အောက်ဖေါ်ပြပါ ဇုန် နယ်မြေ(၈)ခုကို သတ်မှတ်ပြဌာန်းခဲ့ပြီး ဖြစ်ပါသည် -
(က) မန္တလေးတိုင်း၊ပုဂံညောင်ဦးမြို့နယ်
(ခ) ပဲခူးတိုင်း၊ပဲခူးမြို့နယ်(ပဲခူးဒေသ)
(ဂ) မန္တလေးတိုင်း ၊အမရပူရမြို့နယ်(မဟာဝေယံဘုံသာ ဗားကရာကျောင်းတော်ကြီး)
(ဃ)မန္တလေးတိုင်း၊အောင်မြေသာဇံမြို့နယ်(အတုလဝေယံအတုမရှိကျောင်းတော်ကြီး၊ရွှေနန်းတော်ကျောင်း၊ မြနန်း၊မြေဘုံသာစံနန်းတော်ရာစန္ဒမုနိဘုရား၊မဟာလောကမာရဇိန်ကုသိုလ်တော်ဘုရား )
(င) မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်(ကျိုက်ထီးရိုး )
(စ) ပဲခူးတိုင်း၊ ပြည်မြို့နယ်(သရေခေတ္တရာ)
(ဆ)စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့နယ်၊မင်းကွန်းဒေသ(မြသိန်းတန်ဘုရား၊မင်းကွန်းခေါင်းလောင်းပုထိုးတော်ကြီး ခြင်္သေနှစ်ကောင်(ပုထိုးတော်ဘုရားအနီး)
(ဇ) မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ဗိဿနိုးမြို့ဟောင်း ဒေသ

အောက်ဖေါ်ပြပါမြို့ဟောင်း(၃)ခုကိုဥပဒေအရကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန်ဇုန်နယ်မြေသတ်မှတ်ပြဌာန်းရေး ဆောင်ရွက် လျက်ရှိပါသည် -

(၁)တကောင်းမြို့ဟောင်း(မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင် ၊ သပိတ်ကျင်းမြို့နယ် )
(၂)ဟန်လင်းမြို့ဟောင်း(စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ၊ ၀က်လက်မြို့နယ်)
(၃)အင်းဝမြို့ဟောင်း(မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင် ၊ တံတားဦးမြို့နယ်)